MILI Calls Applicants for Myanmar Peace Process and Road Map Training

Training on History and Road Map of Myanmar Peace Process would be conducted for persons with disabilities who from MILI’s branch offices from 25th to 29th November 2019 and MILI is currently calling applicants for training. Detailed information and application are here in link;

Application-form-for-training for History and Road Map of Myanmar Peace Process (MZ)

Conduct Policy Platform Training

Policy Platform Training was conducted at MILI Shae Saung Hall on 17th October 2019 as MILI has been implementing APPM Project on ASEAN Enabling Masterplan 2025: Mainstreming the Rithts of Persons with Disabilities. Training was aimed to be united the voices of DPOs on what policy areas/sectors need to be prioritized for advocacy and lectured by Inclusion Specialist Ms.Rebecca Aaberg from IFES, Inclusion Team. In which training 16 MILI staffs were attended.

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား လေ့လာခြင်းသင်တန်း ဖွင့်လှစ်ပို့ချ

FHI 360၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မီလီ)က အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် EPPM Project သည် နိုုင်ငံတော်အဆင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် မသန်စွမ်းသူများ၏ စွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လေ့လာခြင်းသင်တန်းကို ၂၀၁၉ခုနှစ် သစက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ တောင်ငူမြို့ Global Grace Hotel ၌ (၅)ရက်တာ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါသင်တန်းသို့ မီလီ၏နယ်ရုံးခွဲ (၇)ရုံးမှ မသန်စွမ်းသူ ၂၀ ဦးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ  မသန်စွမ်းမိတ်ဖက် အဖွဲ့အစည်းများမှ မသန်စွမ်းသူ (၁၀)ဦး အပါအဝင် စုစုပေါင်း (၃၀)ဦး ပါဝင် တက်ရောက်ခဲ့သည်။ သင်တန်း ပထမသုံးရက်တာတွင် မြန်မာ့နိုင်ငံရေးနှင့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ သင်ခန်းစာများကို သင်ကြားခဲ့ပြီး သင်တန်း စတုတ္တနေ့တွင် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားများအရေး ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်း (၄) ဖွဲ့ မှ ကိုယ်စားလှယ် (၁၀) ဦးအားဖိတ်ခေါ်ကာ အတွေ့အကြုံဖလှယ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သင်တန်း ပဥ္စမနေ့တွင် မသန်စွမ်းသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မသန်စွမ်းသူများ အပါအဝင် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားများ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်မည့် အခန်းကဏ္ဍများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဖော်ထုတ် ခဲ့ကြသည်။