Generic selectors
Exact matches only
Search in title
Search in content
Search in posts
Search in pages

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ စလင်းနယ်ရုံးခွဲဖွင့်လှစ်

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ စလင်းနယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ လမင်းသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်ယုယုဆွေက နယ်ရုံးခွဲဖွင့်လှစ်ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ စလင်းမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးနှင့်တကွ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဧည့်သည်တော်များ၊ စလင်းမြို့နယ်ရှိ ဒေသခံမသန်စွမ်းသူများအပါအ၀င် စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။ စလင်းနယ်ရုံးခွဲသည် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နယ်ရုံးခွဲများအနက် ၂၉ ရုံးမြောက် နယ်ရုံးခွဲဖြစ်ပြီး  မကွေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သော တတိယမြောက် နယ်ရုံးခွဲ ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားအပြီး၌ နယ်ရုံးခွဲသစ်ဖွဲ့စည်းရာတွင် လိုအပ်သော အခြေခံအသိပညာများ ရရှိရန်အတွက် အဖွဲ့အစည်းတည်ထောင်ခြင်းဆိုင်ရာစွမ်းရည်မြှင့် သင်တန်းတစ်ရပ် ပြုလုပ်ခဲ့ပြီး စလင်းနယ်ရုံးခွဲအတွက် အခြေခံ ရုံးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

Top
Font Resize
Contrast