Generic selectors
Exact matches only
Search in title
Search in content
Search in posts
Search in pages

မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေ/နည်းဥပဒေများဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချ

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်း ဖွင့်လှစ်ပို့ချခဲ့သော မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေ/နည်းဥပဒေများဆိုင်ရာ ဆရာဖြစ်သင်တန်း၏ သင်တန်းသား ဟောင်းများက ဦးစီးကာ မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေ/နည်းဥပဒေများဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါသင်တန်းများကို မသန်စွမ်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ  မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ/နည်းဥပဒေဆိုင်ရာ အသိပညာများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ် ပို့ချခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တို့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းတစ်ခုလျှင် မသန်စွမ်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များ ၂၀ ဦးစီ ပါဝင်တက်ရောက်ခဲ့သည်။

 

Top
Font Resize
Contrast