Generic selectors
Exact matches only
Search in title
Search in content
Search in posts
Search in pages

ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဟိုတယ်များနှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာအသုံးပြုနိုင်ခွင့် အပြည့်အ၀ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားလာမှုများတွင် မသန်စွမ်းသူများ လွယ်ကူစွာ အသုံးပြုနိုင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ Summit Park View Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးအောင်မိုးကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဟိုတယ်ဇုံ များမှ ဟိုတယ်လုပ်ငန်းရှင်များအပါအ၀င် ၃၀ ဦး ခန့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Top
Font Resize
Contrast